Wednesday, April 9, 2014
Monday, April 7, 2014
SAO SAN TUN PUBLIC LIBRARY
ယခုblogသည်စ၀်စံထွန်းစာကြည့်တိုက် ညောင်ရွှေ၏စာအုပ်များအနက်မှ ကောင်းနိုးကောင်းရာ
စာအုပ်များကိုPDFအဖြစ်တင်ပေးသွားရန်ရည်၇ွယ်ချက်ဖြင့်စ၀်စံထွန်းစာကြည့်တိုက်(ညောင်ရွှေ)
blogကိုဖွင့်လှစ်ထားရခြင်းဖြစ်ပါသည်။သူငယ်ချင်းမိတ်ဆွေစာပေချစ်သူများမည် သူမဆိုအလွယ်
တကူဖတ်ရှု့နိုင်ရန် အတွက်အဆင်ပြေအောင် ကြိုးစားနေပါသည်။ မကြာမှီစ၀်စံထွန်း စာကြည့်
တိုက် ညောင်ရွှေblogတွင်တင်ထားသောPDFစာအုပ်များကိုအလွယ်တကူရယူနိုင်ပါတော့မည်။
မိတ်ဆွေသူငယ်ချင်းတို့ တောင်းဆိုသော ရှားပါးစာအုပ် ၊ စာတမ်းများ ကိုလည်းရှာဖွေပြီး PDF အဖြစ်ပြောင်းလဲတင်ပေမည်(သို့)မဟုတ်သူငယ်ချင်းတို့Mailလိပ်စာ ပေးထားပါက မေလ်းထဲသို့
ပေးပို့သွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။
စ၀်စံထွန်း စာကြည့်တိုက် (ညောင်ရွှေ)သည် မြို့မ (၈)ရပ်ကွက်ပိုင်(ပြည်သူပိုင်)စာကြည့်တိုက်
ဖြစ်ပြီး ကိုယ့်ထူ ကိုယ်ထ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လက်ဗလာမှ စတင်ပြီးကြိုးစားထူထောင်
ခဲ့ရာတွင်ကြည့်တိုက်ပိုင်စာအုပ်စာတမ်းများအတော်အသင့် ပြည့်စုံလာပြီဖြစ်ပါသည်။ စ၀်စံထွန်းစာကြည့်တိုက် အဖွဲ့သားများမှE Library အဆင့်ထိ ရည်၇ွယ် ရွက်ဆောင် အကောင်
အထည်ဖော်နေပါပြီ ဖြစ်ကြောင်းလဲသတင်းကောင်းပါးအပ်ပါသည်ခင်ဗျား။
ညောင်ရွှေသူ ညောင်ရွှေသားများ၊ လူငယ်များမည်သူ မဆိုလာရောက် အကြံပေး ဆွေးနွေး
လိုသူများနှင့် ၊အတူလက်တွဲဝိုင်းဝန်း အကောင်အထည် ဖော်ဆောင်ချင်သည့်ပုဂ္ဂိုလ်များ မည်သူ
ကိုမဆိုဝမ်းသာအားရ လှိုက်လှဲစွာကြိုပါမည်။စ၀်စံထွန်း စာကြည့်တိုက် ဒီထက်မကတိုးတက်ရန်
စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌လူအင်အားများစွာလိုအပ်နေပါ
သဖြင့် အတူလက်တွဲ ၀ိုင်းဝန်းကူညီ အကြံပြု ပေးကြပါခင်ဗျား ။
စ၀်စံထွန်း စာကြည့်တိုက် (ညောင်ရွှေ) တည်ထောင်ရာ၌ ၀ိုင်းဝန်းကူညီခဲ့ကြသော အလှူရှင်
များနှင့်မြို့သူမြို့သား ရပ်မိ/ရပ်ဖ အားလုံကို ကျေးဇူးအထူးတင်လျှက်
စ၀်စံထွန်း စာကြည့်တိုက် အဖွဲ့သားများ
ဖောင်တော်ဆိုက်လမ်းနှင့် စ၀်စံထွန်းလမ်းထောင့်
မြို့လည်ရပ် ၊ ညောင်ရွှေမြို့ ။
saosantunlibrarynyaungshwe@gmail.com
https://www.facebook.com/saosantunlibrary.nyaungshwe?hc_location=timeline
PH .081 209938
Saturday, January 11, 2014
စ၀်စံထွန်း စာကြည့်တိုက် ကိုယ်ပိုင်စာအုပ်များ
စ၀်စံထွန်း စာကြည့်တိုက် ကိုယ်ပိုင်စာအုပ်များကိုသာ တင်ပေးရန်ရည်ရွယ်ချက်ဖြင့်
ယ္ခု blog page ကိုဖွင့်ရခြင်းဖြစ်ပါသည် ။
Subscribe to:
Posts (Atom)



